ရှားပါးသော မြန်မာပြည်မှ ဓါတ်ပုံများ(၁)(၂)(၃)(၎
ရှင်စောပု ဘုရင်မကြီး အသုံးပြုခဲ.သော ခေါင်းဆောင်းတော်

၁၉၂၁ ခုနှစ်မှ ဆန်ဖွတ်နေသော ကချင်အိမရှင်မတဦး

မတ်လ ၁၉၄၅ ခုနှစ် ဒုတိယကမ္ဘာ စစ်ကာလ အတွင်း ဂျပန် တို့ သိမ်းပိုက်ထားသော မန္တလေးမြို့ကြီးအား အင်္ဂလိပ်ဗုံးကြဲ လေယာဉ်များမှ ဗုံးများလာရောက်ကြဲချနေစဉ်

၁၉၄၅ မတ်လ ဒုတိယကမ္ဘာ စစ်ကာလ မန္တလေး မြို့သိမ်းတိုက်ပွဲအတွင်း ပန်ချာပီ(ဆစ်ခ်) တပ်သားများက ဂျပန် ခံကတုတ် ကျင်းများထဲသို့ ဖော့စဖိတ် လက်ပစ်ဗုံး ပစ်ထည့်ကာ စက်သေနတ်များနှင့် ပစ်၍ အနီးကပ်တိုက်ပွဲများပြင်းပြင်းထန်ထန် ဆင်နွှဲနေစဉ်။

မန္တလေး ဈေးချိုတနေရာ??? ပုံရလာသည့်နေရာမှာလဲ ဘာမှ ရေးမထားသည့်အတွက်ကြောင့် မခန့်မှန်းနိုင်သည်ကို ခွင့်လွှတ်ပါ

ဒုတိယကမ္ဘာစစ် အတွင်း မှ ဗုံးဒဏ်ကြောင့်ပျက်ဆီး နေသော ရန်ကုန်ဆိပ်ကမ်း

၁၉၄၀ ခုနှစ်များဆီက မြန်မာအမျိုးသမီးများ ဝတ်ဆင်ခဲ့ကြသော အတွင်းခံ ဘော်လီအင်္ကျီ(ရှင်မြီး)

အားလုံးဘဲ နှစ်သက်လိမ်.မယ်လို.ထင်ပါတယ် ရှားပါးတဲ. ခေါတ်ရဲ.အငွေ.အသက်လေးတွေပါ...။

၁၉၄၄ ခုနှစ် ဒုတိယကမ္ဘာစစ်ကာလ အတွင်း လီဒိုလမ်းမကြီးပေါ်ရှိ မဟာမိတ်စစ်သားများနှင့်အတူတွေ့ရသော ကချင်တိုင်းရင်းသားများ
၁၉၂၂ ခုနှစ် အင်္ဂလိပ်လက်အောက်ခံ မြန်မာနိုင်ငံ နှင့် အိန္ဒိယနိုင်ငံ တွဲထားသော မြေပုံ

၁၉၂၂ ခုနှစ် အင်္ဂလိပ်လက်အောက်ခံ မြန်မာနိုင်ငံ နှင်. အိန္ဒိယနိုင်ငံ တွဲထားသောမြေပုံ

ဒီဇင်ဘာလ ၁၇ ရက် ၁၉၄၅ သံဖြုဇရပ်မြို့ အနီး သေမင်းတမန် ရထားလမ်း ဖောက်လုပ်ရာ တွင် အဓမ္မ နှိပ်စက်ညှင်းပန်း ၍ လုပ်အားပေးခိုင်းစေခြင်းခံခဲ့ရသော အလုပ်သမားများအား အင်္ဂလိပ်တပ်များမှ ဖက်ဆစ်ဂျပန်တို့လက်မှ နေ၍ ပြန်လည်ကယ်တင်ပြီးနောက် ထမင်းကျွေးနေသောပုံဖြစ်ပါသည်

မဟာ ဗန္ဒုလ ပန်းခြံ အတွင်း တွေ့ရှိရသော ကျဆုံးဂျပန်စစ်သားများအတွက် အထိမ်းအမှတ် ကျောက်တိုင်။ ဂျပန် အထွက် အင်္ဂလိပ် အဝင်ကာလ တွင် ရိုက်ထားသောပုံဖြစ်ပြီး ပုံ၏ နောက်ခံတွင် မြို့တော်ခန်းမကြီးကို မြင်တွေ့နိုင်သည်

အိမ် မြောင် နှစ်ကောင် အင်းကွက်။ ရှေးခေတ်က သူခိုးတွေပေါင်ပေါ်မှာထိုးလေ့ထိုးထရှိတယ်။အမြင့်တွေကို ခုန်ချင်ရင် အိမ်မြောင်အတက်ပုံကိုလက်နဲ့ ပုတ်ပြီးခုန်ကြတယ်။ အမြင့်တွေက ခုန်ချချင်ရင်တော့ အိမ်မြောင် အဆင်းပုံကို လက်နဲ့ ပုတ်ပြီး ခုန်ဆင်းကြရတယ်။ရှယ်ပြီဗျို့။

၁၈၉၅ခုနှစ်မှ ဒလဟိုဇီ ပန်းခြံ(ဗိုလ်ချုပ်ပန်းခြံ)။ ထိုခေတ်ထိုအခါက ဒလဟိုဇီပန်းခြံသည် အရှေ့တောင်အာရှ နိုင်ငံများရှိ လူလုပ်ပန်းခြံများထဲတွင် အလှဆုံးဖြစ်ပြီး ဓာတ်ပုံဆရာများကြားတွင်ရိုက်ကွင်းအကောင်းဆုံးအဖြစ်ကျော်ကြားခဲ့ဖူးသည်။ပုံတွင်မြင်နေရသောနေရ

fb မှ ကူးယူဝေမျှပါသည် ( ၀ါးလုံးရှည်အတီး )

ဒုတိယကမ္ဘာစစ်ကာလ အတွင်း အမေရိကန် တပ်များနှင့် အတူ ဘေ့စ်ဘော ကစားနေသော မြန်မာ သူနာပြုများ

ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တို့၏ ဖွတ်ဖွတ်ညက်ညက်ကြေအောင် ဗုံးကြဲခံထားရသော ရန်ကုန်ဆိပ်ကမ်း၏ဒုတိယပုံ ။ပထမပုံကတော့

မဟာမိတ် တို့က တအားဘိသောအခါဂျပန်လုံးဝရှုံးမည်။
The Japanese Invasions will abosolutely be bitten by the strong Armed Alllies.

၁၉၅၀ ပြည့်နှစ်မနော ပွဲအမှတ်တရ

"ရှေးမြန်မာတို့၏ လှိုဏ်ခေါင်းတူးအတတ်ပညာနှင့် ရည်ရွယ်ချက်များ"

၈၈၈၈တုံးက ငါးထပ်ရုံးကြီးကို ဝင်စီးတဲ့ အချိန်ပဲ။အဲတုံးက လူအုပ်ကြီးက စစ်သားအချို့ကို လက်နက်တွေနဲ့အတူဖမ်းမိပေမဲ့ သံဃာတော်များရဲ့မေတ္တာ ရပ်ခံမှူကြောင့် ပြန်လွှတ်ပေးလိုက်ပါတယ်။နောက်ထပ် ၁၉နှစ်အကြာမှာတော့..............................................................................

၁၈၉၀ ခုနှစ် လှည်းယဉ်ပေါ်မှ မြန်မာအမျိုးသမီးများ

***ကျေနပ်ကြလိမ်.မယ်လို.ဟေမာန်ထင်ပါတယ်***

၁၈၅၅ ခုနှစ်မှ တောင်သမန်အင်းနှင့် ဦးပိန်တံတား

၁၈၅၅ ခုနှစ်မှ အမရပူရမှမြို့ အရှေ့ဘက်အရပ်မှ ဘုန်းတော်ကြီးကျောင်းတကျောင်း

၁၈၅၅ ခုနှစ်မှ အမရပူရမှမြို့ အနောက်ဘက်အရပ်

၁၈၅၅ ခုနှစ်မှ ရန်ကုန်မြို့ ကြည့်မြင်တိုင် အရပ်

၁၈၅၅ ခုနှစ်မှ ကန်တော်ကြီး နေရာနှင့် ရွှေတိဂုံဘုရားကြီး ရန်ကုန်မြို

ကိုလိုနီခေတ်မှ ဒလဟိုဇီလမ်း(မဟာဗန္ဓုလလမ်း) ရန်ကုန်မြို

၁၈၉၀ ခုနှစ်မှ နာဂ အမျိုးသားများ

၁၈၈၀ ခုနှစ်မှ မြန်မာမိန်းမပျိုများ၏ ဝတ်စားဟန်

ဒုတိယကမ္ဘာစစ်ကာလ ၁၉၄၅ ခုနှစ် မန္တလေးမြို့ သိမ်းတိုက်ပွဲအတွင်းအနီးကပ်တိုက်ပွဲများပြင်းပြင်းထန်ထန် ဆင်နွှဲနေစဉ်။ ပုံတွင်မြင်ရသည်မှာ အင်္ဂလိပ် တင့်ကားမှ ပစ်လိုက်သော အမြှောက်ဆန်သည် နန်းမြို့ရိုးတည့်တည့်ကို ထိမှန်နေသောပုံဖြစ်သည်

0 comments:
Post a Comment