Monday, 19 November 2012

Windows 8 မှာမြန်မာဖောင့် အဆင်မပြေသူများအတွက်



ညီလေး ဟဲဟဲ မေးထားတာလေးပါ
ကျွန်တော်တို့ အခုနောက်ပိုင်း Windwos 8 Preview Version ထွက်လာပြီးနောက်ပိုင်း အများစု
Windows 8 ကို စမ်းပြီး အသုံးပြုလာတာ တွေ့ရပါတယ်.. ဒီနေရာမှာ ဘာတွေ ပြသနာကြုံ နေရလဲဆိုတော့
အခုအသစ် ထွက်လာတဲ့ Windows 8 မှာ Myanmar text  ဆိုပြီးတော့ Unicode ကို Support လုပ်ပေးထားပါတယ် ..
အဲ့ဒီအတွက် ကျွန်တော်တို့ အနေနဲ့  Unicode ကိုပဲအသုံးပြုနေတယ် ဆိုရင်တော့ ပြသနာမရှိပါဘူး ..
ဒါပေမယ့် အများစုက ဇော်ဂျီဝမ်း ကိုသာ အသုံးပြုနေတဲ့ အချိန်မှာ Folder Rename ကို Zawgyi-One နဲ့ပေးထားလို့
Windows 8 မှာ ဖောင့်တွေ ပြောင်းပြန်တွေ ပေါ်နေတာတွေ G-Talk ပြောတဲ့ အခါမှာ မြန်မာလို ပေါ်ပေမယ့်
ဖောင့်တွေက တစ်လွဲတွေ ဖြစ်နေတာကို ကျွန်တော် Keymagic သုံးပြီး ဖြေရှင်းလို့ ရမယ့်နည်းလမ်းလေးကို ရေးပေးသွားပါမယ်.

ကျွန်တော်တို့ Keymagic ကိုသုံးနေတဲ့ သူတွေအတွက်က ပြသနာမရှိပေမယ့် မသုံးဘူးသေးတဲ့ သူတွေအတွက်
နည်းနည်း အခက်အခဲ ရှိနိုင်တာမို့လို့ ကျွန်တော် Keymagic အသုံးပြုနည်းလေးကိုပါ ရေးပေးပါမယ် ..
ဘာမှတော့ မခက်ပါဘူး .. အရင်ဆုံး Windows 8 မှာ Keymagic အလုပ်လုပ်ဖို့အတွက်
Microsoft Visual C++ 2008 Redistributable Package ကိုအရင် Install လုပ်ပေးဖို့ လိုအပ်ပါတယ် ..

့ ဒီအောက်ကလင့်မှာဒေါင်းလော့သွားချလိုက်ပါ..



Code: 
http://www.mediafire.com/?8zp142m2n9gxug4



Code: 
http://ifile.it/8tb6wxp/KeyMagic.rar

အားလုံးဒေါင်းလော့ချပြီးရင် Microsoft က ဒေါင်းလော့ချထားတဲ့ Package လေးကို အရင် Install လုပ်လိုက်ပါ ..
ပြီးမှ Keymagic ကို Install လုပ်ပေးလိုက်ပါ .. ဒါဆိုရင် အဆင်ပြေသွားပါလိမ့်မယ်..

ကျွန်တော် တစ်ချက်ပြောဖို့ ကျန်ခဲ့တာက Zawgyi-One ဖောင့်ကို Install လုပ်မယ်ဆိုရင်လည်း

အရင် Windows 7 မှာတုန်းက အတိုင်းပါပဲ ဘာမှမထူးပါဘူး .. Install လုပ်ပေးလိုက်ပါ ..

ဒါဆိုရင် ကျွန်တော်တို့ ကွန်ပျူတာမှာ Myanmar Text ရော Zawgyi-One နှစ်မျိုးလုံး အသုံးပြုလို့ ရသွားပါပြီ ..

Keymagic ကို အသုံးပြုရတာ လွယ်ပါတယ် .. ကျွန်တော်တို့က Zawgyi-One ကိုအသုံးပြုမယ် ဆိုရင်

အရင် Windows 7 က အတိုင်းအသုံးပြုယုံပါပဲ .. Keymagic နဲ့ Unicode Font ကိုပြောင်းသုံးချင်တယ် ဆိုရင်တော့

Keyboard မှ Shift + Ctrl + Z ကိုနှိပ်လိုက်ပါ .. ဒါဆိုရင် ကျွန်တော်တို့ က Keyboard မှ Zawgyi-One လက်ကွက်နဲ့

ရိုက်နေပေမယ့်လည်း စာလုံးတွေက Unicode ဖောင်နဲ့အလိုလိုပြောင်း သွားပါလိမ့်မယ် .. Convert လုပ်ပေးတာပါ ..

ဒါဆိုရင်တော့ လက်ကွက်အတွက် အဆင်ပြေသွား ပြီလို့ထင်ပါတယ် ..



ကျွန်တော်တို့ ဖိုဒါတွေမှာ မြန်မာလို  Zawgyi-One ဖောင်နဲ့ မပေါ်တော့ တာတွေအတွက် အရင် Windows 7

တုန်းကလို Font ကိုသွားချိန်း ပေးလို့မရပါဘူး .. အဲ့ဒီအတွက် ကျွန်တော်တို့ လုပ်ရမှာတစ်ခုက

Zawgyi -One ဖောင့်နဲ့  Rename ပေးထားတာတွေကို Keymagic  သုံးပြီး Myanmar Text နဲ့ပြန်ပြီး

 rename ပေးမှသာ Folder တွေမှာ မြန်မာဖောင့် ပေါ်တော့မှာ ဖြစ်ပါတယ် ..

နောက်တစ်ချက်ကတော့ G-Talk သုံးတဲ့အခါမှာ Myanmar လိုပေါ်နေသော်လည်း Font တွေက ထုံးစံအတိုင်း

တလွဲတွေပေါ်နေ ပါလိမ့်မယ် ..  အဲ့ဒီအတွက် ကျွန်တော်တို့က G-Talk က Setting ထဲမှာ Zawgyi-One

ဖောင့်ကိုသွားပြီး ပြောင်းပေးလိုက်ရင် အဆင်ပြေသွားပါလိမ့်မယ် ..







အဆင်ပြေကြပါစေ။

0 comments:

Post a Comment